ကျွန်တော် နှင့် ပြဿနာသည်
ခွဲမနိုင်ခွာမရနှင့်
ငယ်ပေါင်းများလိုချစ်ကြ၏။
ပြဿနာကိုကား
ကျွန်တော်မနှစ်သက်
နှင်ထုတ်သည်…
ရန်လုပ်သည်….
ဘုပြောသည်….
…သို့ သော်…
သူ ကကျွန်တော့်ထက်
အရေထူသည်။
ပြဿနာသည် လူပေါင်းဆံသောကြောင့်
နေရာတိုင်းတွင်သူရှိနေသည်။
သူ့ ကြောင့်ပြဿနာ ဖြစ်မည်စိုးသောကြောင့်
သူ့  ကိုကျွန်တော် လိုက်လံရှာဖွေရသည်။
ကျွန်တော်သည်လည်း ပြဿနာကိုရှာဖူးသည်။
တွေ့ ပြန်လျှင်လဲ ရန်မဖြစ်အောင်ကျွန်တော်ကရှောင်ရသည်
ပြဿနာအား ကျွန်တော်ကြည့်မရပေ
ပြဿနာသည် ပြဿနာများကိုသာ
လုပ်သောကြောင့်ဖြစ်သည်။
ထိုကိစ္စကြောင့်…
ပြဿနာ နှင့် ကျွန်တော်
ပြဿနာ ဖြစ်ခဲ့ကြဖူးသည်။
No comments:
Post a Comment