မိုးဦးတုန်းကမမှီ
လိုက်ပေမယ့်..
မိုးနှောင်းအမှီတော့
ငါ့..ပွင့်ပါရစေ…။
တောင်းဆိုတာမဟုတ်ပါဘူး
တောင်းပန်ပါတာပါ….
မိုးကိုမျှော်နေမိတာ
နွေရာသီတစ်ခုလုံးပါပဲ…။
ခြောက်သွေ့ လွန်းတော့လဲ
တိမ်တွေတောင်…………
ငါ့ကိုရှောင်နေတယ်
ထင်ပါရဲ့ …..။
လေတောင်တိုက်ခွင့်မရှိလို့ 
နေပူပူထဲသရုပ်ပြနေရတာပါ…။
Showing posts with label Lable. Show all posts
Showing posts with label Lable. Show all posts
11 February 2012
.........ချစ်ခွင့်.........
သေချာချိန်ရွယ်
ပစ်ခတ်ခဲ့ပေမယ်
မရှောင်ရင်လွတ်တဲ့
ငါ့လက်ရယ်………
မင်းပဲအပြစ်တင်ရတော့မှာပဲ..။
မာယာရယ်လို့ ပြောစရာ
လိမ်တောင်မလိမ်တတ်တဲ့သူပါကွယ်
သူတပါးစိတ်ညစ်မှာစိုးလို့ 
ရည်းစားစာတောင်အတင်းမပေးခဲ့ဘူးတဲ့သူပါ…။
မရက်စက်လိုက်ပါနဲ့ နော်….။
ပစ်ချက်တွေကလွဲတတ်လွန်းလို့ 
မပစ်ခဲ့တာတောင်ကြာပါပြီ…….
သို့ ပေမယ့် လည်း
..မိန်းကလေးရယ်…
ငါတောင်းပန်ပါတယ်…..
ငါမပစ်ပါရစေနဲ့ တော့
လွဲသွားမှာစိုးလို့ ပါ…။
အသံတိတ်ဘာသာစကားနဲ့ ပဲ
တို့ တတွေရင်းနှီးအောင်ကြိုးစားကြမယ်လေ..
ကြာလာတော့လဲ..
ဘာသာမဲ့စကားတွေမင်းတတ်လာမှာပါ..။
ပစ်ခတ်ခဲ့ပေမယ်
မရှောင်ရင်လွတ်တဲ့
ငါ့လက်ရယ်………
မင်းပဲအပြစ်တင်ရတော့မှာပဲ..။
မာယာရယ်လို့ ပြောစရာ
လိမ်တောင်မလိမ်တတ်တဲ့သူပါကွယ်
သူတပါးစိတ်ညစ်မှာစိုးလို့ 
ရည်းစားစာတောင်အတင်းမပေးခဲ့ဘူးတဲ့သူပါ…။
မရက်စက်လိုက်ပါနဲ့ နော်….။
ပစ်ချက်တွေကလွဲတတ်လွန်းလို့ 
မပစ်ခဲ့တာတောင်ကြာပါပြီ…….
သို့ ပေမယ့် လည်း
..မိန်းကလေးရယ်…
ငါတောင်းပန်ပါတယ်…..
ငါမပစ်ပါရစေနဲ့ တော့
လွဲသွားမှာစိုးလို့ ပါ…။
အသံတိတ်ဘာသာစကားနဲ့ ပဲ
တို့ တတွေရင်းနှီးအောင်ကြိုးစားကြမယ်လေ..
ကြာလာတော့လဲ..
ဘာသာမဲ့စကားတွေမင်းတတ်လာမှာပါ..။
တမ်းတတယ်.........နင့်ကို
ချစ်ခြင်းမေတ္တာဆိုတာ
နင်အတွက်အစိတ်အပိုင်းတစ်ခုတဲ့လား..
တစိတ်တစ်ပိုင်းပဲဖြစ်ဖြစ်ပါ
နင့်ဘဝထဲခဏဝင်ခွင့်ရလို့ 
ငါကျေနပ်ပါတယ်…….။
အရင်လိုခံစားမှုနဲ့ ပဲ
အရင်လိုပဲရင်ခုန်နေတုန်းပါလား..
ကြာလာရင်မေ့မှာပါဆိုတာ
ငါအတွက်တော့..
လိမ်လည်ပြောတဲ့
စကားတခွန်းလိုပါပဲ…..။
နင်အတွက်အစိတ်အပိုင်းတစ်ခုတဲ့လား..
တစိတ်တစ်ပိုင်းပဲဖြစ်ဖြစ်ပါ
နင့်ဘဝထဲခဏဝင်ခွင့်ရလို့ 
ငါကျေနပ်ပါတယ်…….။
အရင်လိုခံစားမှုနဲ့ ပဲ
အရင်လိုပဲရင်ခုန်နေတုန်းပါလား..
ကြာလာရင်မေ့မှာပါဆိုတာ
ငါအတွက်တော့..
လိမ်လည်ပြောတဲ့
စကားတခွန်းလိုပါပဲ…..။
ချစ်ခဲ့ဖူးသူ
`မောင်´ရယ်လိုက်ရင်
သိပ်လှလို့  ဘယ်မိန်းကလေးကိုမှ
ပြုံးမပြပါနဲ့  သူတို့ တွေနဲ့ 
သ၀န်မတိုချင်လို့ ပါဆို….။
ငါ့ကိုမမြင်ရတဲ့နေ့ ဆိုရင်
`မောင်´ရယ်လွမ်းလိုက်တာ
ထမင်းတောင်မစားနိုင်လို့ 
သူငယ်ချင်းတွေကတောင်
ပိုလိုက်တာလို့ ပြောကြတယ်ဆို….။
နာမည်အရင်းကိုခေါ်မိရင်တောင်
ကျွန်မတို့ နှစ်ယောက်
ဝေးသွားသလိုပဲ….
စိမ်းကားလိုက်တာဆို….။
အခုတော့လဲ
နောက်ရင်ခွင်တစ်ခုမှာ
ဒီလိုမျိုးပဲသွားပြောနေပြန်သလား…
မိန်းကလေးရယ်….။
ငါ့အတွက်ကတော့
မင်းထားခဲ့လို့ အကြောင်းမထူးပေမယ့်
မင်းအတွက်တော့
ငါရင်လေးတယ်….။
သိပ်လှလို့  ဘယ်မိန်းကလေးကိုမှ
ပြုံးမပြပါနဲ့  သူတို့ တွေနဲ့ 
သ၀န်မတိုချင်လို့ ပါဆို….။
ငါ့ကိုမမြင်ရတဲ့နေ့ ဆိုရင်
`မောင်´ရယ်လွမ်းလိုက်တာ
ထမင်းတောင်မစားနိုင်လို့ 
သူငယ်ချင်းတွေကတောင်
ပိုလိုက်တာလို့ ပြောကြတယ်ဆို….။
နာမည်အရင်းကိုခေါ်မိရင်တောင်
ကျွန်မတို့ နှစ်ယောက်
ဝေးသွားသလိုပဲ….
စိမ်းကားလိုက်တာဆို….။
အခုတော့လဲ
နောက်ရင်ခွင်တစ်ခုမှာ
ဒီလိုမျိုးပဲသွားပြောနေပြန်သလား…
မိန်းကလေးရယ်….။
ငါ့အတွက်ကတော့
မင်းထားခဲ့လို့ အကြောင်းမထူးပေမယ့်
မင်းအတွက်တော့
ငါရင်လေးတယ်….။
လွမ်းသူ့ စိတ်
ဝိုးတိုးဝါးတား
အသိတစ်ခုနဲ့ တင်
အိမ်မက်တွေ
အရည်ဖျော်ပြီး
မျှော်လင့်ချက်တွေအားလုံး
အငွေ့ ပျံ…..တိမ်တွေ….
ဖြစ်ခဲ့သူပါ…။
ရွာချဖို့ မရွယ်ပေမယ့်
မိုးလေးညိုနေရင်
နင်များငါ့ကို
လွမ်းနေမလား…။
အသိတစ်ခုနဲ့ တင်
အိမ်မက်တွေ
အရည်ဖျော်ပြီး
မျှော်လင့်ချက်တွေအားလုံး
အငွေ့ ပျံ…..တိမ်တွေ….
ဖြစ်ခဲ့သူပါ…။
ရွာချဖို့ မရွယ်ပေမယ့်
မိုးလေးညိုနေရင်
နင်များငါ့ကို
လွမ်းနေမလား…။
အချစ်
တိတ်တဆိတ်နဲ့ 
နန်းတော်တစ်ခု
တည်ဆောက်တုန်းကလည်း..
ပါဝင်ခဲ့သူ…….။
ရာဇဝင်စစ်ပွဲကြီးတွေ
ယောက်ယက်ခတ်လောက်တဲ့
အမှားတွေ…..အမျိုးမျိုးကို
ကျူးလွန်အောင်လဲ
လုံ့ ဆော်နိုင်သူ……..။
ကန္တာရလဲ..
နှင်းမှုန်များနဲ့ ပြည့် နှက်စေခဲ့သူ
စိုးရိမ်မှု..ပူပန်မှုတို့ နဲ့ 
ခွဲခြားမရတဲ့သူ…..။
ဖန်တီးနိုင်မှုနှင့်
ခံစားမှုတို့ သခင်
အသင်……….အသင်…..အသင်….။
နန်းတော်တစ်ခု
တည်ဆောက်တုန်းကလည်း..
ပါဝင်ခဲ့သူ…….။
ရာဇဝင်စစ်ပွဲကြီးတွေ
ယောက်ယက်ခတ်လောက်တဲ့
အမှားတွေ…..အမျိုးမျိုးကို
ကျူးလွန်အောင်လဲ
လုံ့ ဆော်နိုင်သူ……..။
ကန္တာရလဲ..
နှင်းမှုန်များနဲ့ ပြည့် နှက်စေခဲ့သူ
စိုးရိမ်မှု..ပူပန်မှုတို့ နဲ့ 
ခွဲခြားမရတဲ့သူ…..။
ဖန်တီးနိုင်မှုနှင့်
ခံစားမှုတို့ သခင်
အသင်……….အသင်…..အသင်….။
တစ်ဖက်သတ်
ရာဇ၀င်တွေမှာပြဋ္ဌာန်းခဲ့ကြလို့ 
အချစ်ဆိုတာဖွင့်ပြောမှ
တရားဝင်ရတော့မှာလား။
မျက်ဝန်းဆုံမှတ်တစ်ခုရယ်
ဘာသာဗေဒတစ်ဝက်လောက်ရယ်ပါရင်….
ခွင့်လွတ်ခြင်းတွေ……
ရဲ ရင့်ခြင်းတွေ….......
သတ္တိတွေ….........
သစ္စာတွေ….....
မေတ္တာတရားတွေ…
.
အရာအရာတိုင်းကို
ငါတစ်ယောက်ထဲပဲ
ဖန်တီးလိုက်ချင်ရဲ့ …..။
အချစ်ဆိုတာဖွင့်ပြောမှ
တရားဝင်ရတော့မှာလား။
မျက်ဝန်းဆုံမှတ်တစ်ခုရယ်
ဘာသာဗေဒတစ်ဝက်လောက်ရယ်ပါရင်….
ခွင့်လွတ်ခြင်းတွေ……
ရဲ ရင့်ခြင်းတွေ….......
သတ္တိတွေ….........
သစ္စာတွေ….....
မေတ္တာတရားတွေ…
.
အရာအရာတိုင်းကို
ငါတစ်ယောက်ထဲပဲ
ဖန်တီးလိုက်ချင်ရဲ့ …..။
09 February 2012
နာရီ
တိတ်တိတ်လေးသာ
ထွက်သွားပေးရင်
အရာရာကိုအဆုံးသတ်
ပေးလိုက်ပါ့မယ်။
နောက်ဆုံး………
ဘယ်လိုဖြစ်ဖြစ်
နင်ငါ့ကိုနှုတ်မဆက်ပါနဲ့ ။
အသဲကွဲတာခံနိုင်ပါတယ်
ကျောခိုင်းထွက်သွားတဲ့
နင့်ကို……….
သွေးအေးအေးနဲ့ 
မကြည့်နိုင်လို့ ပါ။
ထွက်သွားပေးရင်
အရာရာကိုအဆုံးသတ်
ပေးလိုက်ပါ့မယ်။
နောက်ဆုံး………
ဘယ်လိုဖြစ်ဖြစ်
နင်ငါ့ကိုနှုတ်မဆက်ပါနဲ့ ။
အသဲကွဲတာခံနိုင်ပါတယ်
ကျောခိုင်းထွက်သွားတဲ့
နင့်ကို……….
သွေးအေးအေးနဲ့ 
မကြည့်နိုင်လို့ ပါ။
မျက်နှာများသော“အ”နှင့် “အ” လွန်းသောမှန်
ဘုရာဟောမှာအကုသိုလ်နဲ့ ကုသိုလ်ဆိုတာရှိတယ်ဗျ။ကုသိုလ်ဆိုတာလူရွှင်တော်မဟုတ်ဘူးနော်၊ကောင်းမှုပါ၊အကုသိုလ်ဆိုတာကတော့
မကောင်းမှုပေါ့။နောက်တစ်ခုရှိသေးတယ် သုဘရာဇာဆိုတာလေ။သုဘဆိုတာကောင်းသောလိုဘာသာပြန်သတဲ့ဗျ။ရာဇာဆိုတာကတော့
“မင်း”ပေါ့။အဲ…..ဒါပေမယ့်အသုဘဆိုတာတော့မကောင်းတော့ဘူးပေါ့။နောက်ရှိပါတသေးတယ်ဗျာ၊မင်္ဂလာနဲ့ အမင်္ဂလာ……….အဲလိုပေါ့
နော်။
အဲတော့ကျွန်တော်စဉ်းစားမိတယ်၊ “အ” ဆိုတာကအငြင်းလား ဒါမှမဟုတ် မကောင်းမှုပြဖို့ အတွက်အက္ခရာလားလို့ ပေါ့။
ဒီလိုတော့လဲမဟုတ်ပြန်ဘူးဗျာ
အကောင်းဆုံးတို့  အမွန်မြတ်ဆုံးတို့  အကြိုက်ဆုံးတို့ ကြပြန်တော့အငြင်းမဟုတ်တော့ပြန်ဘူး။
အထူးပြုပုဒ်တစ်ခုဖြစ်သွားပြန်ရော……………။
ဒီလောက်အပြောင်းအလဲများတဲ့ကောင် မလို့  အက္ခရာစဉ်မှာနောက်ဆုံးကထားတာထင်တယ်။
နောက်တစ်ခုဗျာ ကျွန်တော်ပြောချင်တာက မှန် ဆိုတဲ့အရာဝတ္ထုကိုမှားတယ်လို့ ပြောကြတဲ့လူတွေကိုပါ။
ဘာလို့ လဲဆိုတော့ မှန်ပြတာမှန်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ သူကမှန်ကိုး။ မှန်မှာပေါ့။
ဘယ်လက်ထောင်ရင်ညာလက်ပြတယ်ဆိုတာ မှားတာမဟုတ်ဘူး။ ထောင်ပြတဲ့လူအသုံးမကြတာ။
ဘာလို့ မှန်နဲ့ မျက်နှာချင်းဆိုင်ထောင်လဲ။ ဘယ်လက်ထောင်လို့ ဘယ်လက်ထောင်တာမှန်ထဲမှာမြင်ချင်ရင်ကျောပေးပြီးထောင်လေ။
ဘာလို့ တည့်တည့်ကြည့်ပြီးထောင်လဲ။
ထို့ ကြောင့်ရိုးသားလွန်းသော မှန် သည်၊လူတချို့ ၏ စွတ်စွဲချင်းကိုခံခဲ့ရသည်။
မကောင်းမှုပေါ့။နောက်တစ်ခုရှိသေးတယ် သုဘရာဇာဆိုတာလေ။သုဘဆိုတာကောင်းသောလိုဘာသာပြန်သတဲ့ဗျ။ရာဇာဆိုတာကတော့
“မင်း”ပေါ့။အဲ…..ဒါပေမယ့်အသုဘဆိုတာတော့မကောင်းတော့ဘူးပေါ့။နောက်ရှိပါတသေးတယ်ဗျာ၊မင်္ဂလာနဲ့ အမင်္ဂလာ……….အဲလိုပေါ့
နော်။
အဲတော့ကျွန်တော်စဉ်းစားမိတယ်၊ “အ” ဆိုတာကအငြင်းလား ဒါမှမဟုတ် မကောင်းမှုပြဖို့ အတွက်အက္ခရာလားလို့ ပေါ့။
ဒီလိုတော့လဲမဟုတ်ပြန်ဘူးဗျာ
အကောင်းဆုံးတို့  အမွန်မြတ်ဆုံးတို့  အကြိုက်ဆုံးတို့ ကြပြန်တော့အငြင်းမဟုတ်တော့ပြန်ဘူး။
အထူးပြုပုဒ်တစ်ခုဖြစ်သွားပြန်ရော……………။
ဒီလောက်အပြောင်းအလဲများတဲ့ကောင် မလို့  အက္ခရာစဉ်မှာနောက်ဆုံးကထားတာထင်တယ်။
နောက်တစ်ခုဗျာ ကျွန်တော်ပြောချင်တာက မှန် ဆိုတဲ့အရာဝတ္ထုကိုမှားတယ်လို့ ပြောကြတဲ့လူတွေကိုပါ။
ဘာလို့ လဲဆိုတော့ မှန်ပြတာမှန်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ သူကမှန်ကိုး။ မှန်မှာပေါ့။
ဘယ်လက်ထောင်ရင်ညာလက်ပြတယ်ဆိုတာ မှားတာမဟုတ်ဘူး။ ထောင်ပြတဲ့လူအသုံးမကြတာ။
ဘာလို့ မှန်နဲ့ မျက်နှာချင်းဆိုင်ထောင်လဲ။ ဘယ်လက်ထောင်လို့ ဘယ်လက်ထောင်တာမှန်ထဲမှာမြင်ချင်ရင်ကျောပေးပြီးထောင်လေ။
ဘာလို့ တည့်တည့်ကြည့်ပြီးထောင်လဲ။
ထို့ ကြောင့်ရိုးသားလွန်းသော မှန် သည်၊လူတချို့ ၏ စွတ်စွဲချင်းကိုခံခဲ့ရသည်။
မှန်ကန်မှုရှိခဲ့သောလိမ်ညာခြင်း
သိမ်းလိုက်ကြပါစို့ 
တို့ ဇာတ်လမ်းလေးကို….။
ငြိမ်းလိုက်ကြပါစို့ 
တို့ မျှော်လင့်ခြင်းမီးအိမ်လေးကို……..။
မလွမ်းပါဘူးလို့ တော့
မညာပါဘူး……။
တိတ်ဆိတ်မှုတွေများလာရင်
အသံတစ်ခုကိုတော့တောင်းတကြတယ်လေ။
မချစ်တော့ဘူးလို့ လဲ
မညာနိုင်ပါဘူး..။
ငါချစ်ခဲ့တာ
ငါသိနေလို့ …………………………………။
တို့ ဇာတ်လမ်းလေးကို….။
ငြိမ်းလိုက်ကြပါစို့ 
တို့ မျှော်လင့်ခြင်းမီးအိမ်လေးကို……..။
မလွမ်းပါဘူးလို့ တော့
မညာပါဘူး……။
တိတ်ဆိတ်မှုတွေများလာရင်
အသံတစ်ခုကိုတော့တောင်းတကြတယ်လေ။
မချစ်တော့ဘူးလို့ လဲ
မညာနိုင်ပါဘူး..။
ငါချစ်ခဲ့တာ
ငါသိနေလို့ …………………………………။
ပဟေဠိ
ထောင်ပေးလို့ ခုတ်
ရာပေးလို့ ဖုတ်
ချစ်သူ့ ကတုံး
ဆီနဲ့ သုတ်။
ရာပေးလို့ ဖုတ်
ချစ်သူ့ ကတုံး
ဆီနဲ့ သုတ်။
လွမ်းပုံပြင်
ကြောက်ဖို့ ကောင်းတဲ့……ပုံပြင်တစ်ပုဒ်ကို
စုန်းမကြီးနဲ့ ………………အစပျိုးကြတယ်။
ချစ်ဖို့ ကောင်းတဲ့…….ပုံပြင်ကိုတော့
မင်းသမီးလေး……….ပြကြတယ်။
လွမ်းစရာကောင်းတဲ့…ပုံပြင်ဟောင်းလေးကိုတော့
ငါ့နာမည်နဲ့ သာ……..စလိုက်ပါ
……………….ချစ်သူ…………။
စုန်းမကြီးနဲ့ ………………အစပျိုးကြတယ်။
ချစ်ဖို့ ကောင်းတဲ့…….ပုံပြင်ကိုတော့
မင်းသမီးလေး……….ပြကြတယ်။
လွမ်းစရာကောင်းတဲ့…ပုံပြင်ဟောင်းလေးကိုတော့
ငါ့နာမည်နဲ့ သာ……..စလိုက်ပါ
……………….ချစ်သူ…………။
လဲရည်ညို
လဲ့လဲ့စိုလွင်
ညိုမျက်ဝန်းနှင့်
ပျူငှာအပြုံး
ရှုတိုင်းယဉ်သာ…..။
ပုတုန်းကေသာ
ဆံနွယ်ဖြာနှင့်
ကျော့ရှင်းခန္ဒာ
သူ့ ဂုဏ်လွှာအား………..။
သဝဏ်လွှာဖွဲ့ 
စာစီခဲ့သည်
သူတစ်ယောက်တော့
သိကြားနိုင်စေ……….။
ညိုမျက်ဝန်းနှင့်
ပျူငှာအပြုံး
ရှုတိုင်းယဉ်သာ…..။
ပုတုန်းကေသာ
ဆံနွယ်ဖြာနှင့်
ကျော့ရှင်းခန္ဒာ
သူ့ ဂုဏ်လွှာအား………..။
သဝဏ်လွှာဖွဲ့ 
စာစီခဲ့သည်
သူတစ်ယောက်တော့
သိကြားနိုင်စေ……….။
ခဲတံတို
အသက်ရှင်သမျှ အချိန်တိုင်းမှာလဲ
ခြေရာလက်ရာ ပုံစံအမျိုးမျိုးကို
ငါချန်ခဲ့နိုင်ပြီ………..။
ခြေရာလက်ရာ ပုံစံအမျိုးမျိုးကို
ငါချန်ခဲ့နိုင်ပြီ………..။
ဇာတ်သမားမဟုတ်ပေမယ့်
ငါထွက်သွားတဲ့နောက်
ငါမှတ်သားခဲ့တာတွေကို
နှောင်းလူတွေ
ပြောင်းလွှဲယူနိုင်ပါစေ………………..။
ငါထွက်သွားတဲ့နောက်
ငါမှတ်သားခဲ့တာတွေကို
နှောင်းလူတွေ
ပြောင်းလွှဲယူနိုင်ပါစေ………………..။
07 February 2012
ခံစားမြင်တတ်သော
ဖြစ်တတ်ပါတယ်လေ
ခပ်ဝေးဝေးကကြည့်တာပဲ.။
ဖြစ်တတ်ပါတယ်လေ
နီးလွန်းတော့လဲမသဲကွဲနိုင်ဘူးပေါ့။
မမြင်မယ့်သာမမြင်တာ..
ငါနင့်ရှေ့ မှာပါဟာ..။
နင်နည်းနည်းလောက်နောက်ဆုတ်လိုက်ပါလား..။
….ဒါမှမဟုတ်..
ရှေ့ နည်းနည်းတိုးလိုက်လေ…။
ငါတော့ဒီနေရာပါပဲ…။
နင်လာရဲဖို့ ပဲလိုတာပါ…..။
ခပ်ဝေးဝေးကကြည့်တာပဲ.။
ဖြစ်တတ်ပါတယ်လေ
နီးလွန်းတော့လဲမသဲကွဲနိုင်ဘူးပေါ့။
မမြင်မယ့်သာမမြင်တာ..
ငါနင့်ရှေ့ မှာပါဟာ..။
နင်နည်းနည်းလောက်နောက်ဆုတ်လိုက်ပါလား..။
….ဒါမှမဟုတ်..
ရှေ့ နည်းနည်းတိုးလိုက်လေ…။
ငါတော့ဒီနေရာပါပဲ…။
နင်လာရဲဖို့ ပဲလိုတာပါ…..။
မြန်မာမီနီ
လုံးဝန်းခန္ဒာ
အချိုးအဆစ်မပါ
ပြင်ဆင်မှုမရှိ
သူ့ ချည်းသာလျှင်
လွန်စွာရုပ်ဆိုး
မျက်ရစ်ပျောက်လု
တရုတ်မအတု……….။
လုယက်ကာလျှင်
သူ့ ထက်ငါအရင်
လိုချင်ပါလဲ
ထင်တိုင်းမရ
ပေါက်ဈေးနှစ်ဆ
ပေးမှရ၏….။
အချိုးအဆစ်မပါ
ပြင်ဆင်မှုမရှိ
သူ့ ချည်းသာလျှင်
လွန်စွာရုပ်ဆိုး
မျက်ရစ်ပျောက်လု
တရုတ်မအတု……….။
လုယက်ကာလျှင်
သူ့ ထက်ငါအရင်
လိုချင်ပါလဲ
ထင်တိုင်းမရ
ပေါက်ဈေးနှစ်ဆ
ပေးမှရ၏….။
ဖိတ်စာတခြမ်း
ဗလာတစ်ခြမ်းတော့ပါမယ်
မျှော်လင့်ချက်လဲ
တဝက်လောက်ပါမယ်….
စကားသံတစ်ချို့ နဲ့ 
တစ်ခါတစ်ရံ ဆူညံမယ်
တစ်ခါတစ်ရံ ငြိမ်နေမယ်
ဒါပေမယ့်……..
အပြုံး….. တွေ ….
မေတ္တာ….တွေ….
ချစ်ခြင်း…တွေ…..
တော့အပြည့်ထည့်ထားတယ်…..။
တစ်ဖက်မှာ ငါ့နာမည်
တဖက်မှာ…………..
အလိမ်အညာတွေမပါတဲ့
အဖြူထည်သက်သက်
တခြမ်းချန်ထားပေးတယ်။
မျှော်လင့်ချက်လဲ
တဝက်လောက်ပါမယ်….
စကားသံတစ်ချို့ နဲ့ 
တစ်ခါတစ်ရံ ဆူညံမယ်
တစ်ခါတစ်ရံ ငြိမ်နေမယ်
ဒါပေမယ့်……..
အပြုံး….. တွေ ….
မေတ္တာ….တွေ….
ချစ်ခြင်း…တွေ…..
တော့အပြည့်ထည့်ထားတယ်…..။
တစ်ဖက်မှာ ငါ့နာမည်
တဖက်မှာ…………..
အလိမ်အညာတွေမပါတဲ့
အဖြူထည်သက်သက်
တခြမ်းချန်ထားပေးတယ်။
06 February 2012
ခရီးသွားယောက်ျား
မနက်ဖြန်အတွက်
အထုပ်အပိုးတွေနဲ့ 
ရာသက်ပန်
အဆုံးမရှိတဲ့လမ်း………။
ငါ့ကျောပေါ်မှာ
အတိတ်တွေလဲပါရဲ့ ……….
အချစ်တွေလဲပါရဲ့ ……….
အလွမ်းတွေလဲပါရဲ့ ……..
အသေမသပ်ထုပ်ပိုးထားတဲ့
သတိရခြင်းတွေလဲ ပါရဲ့ ……။
နောက်ဆုံးပန်းတိုင်မှာ
ငြိမ်းချမ်းမှုတွေ
အေးချမ်မှုတွေ
ပြည့်နေလိမ့်မယ်လို့ 
ဘယ်သူ အာမခံမလဲ…။
နေ့ တွေ ကပဲငါ့ကို စားနေသလား
ငါကပဲ နေ့ တွေကိုစားနေသလား….
တစ်ခုခုကတော့သွားနေမြဲပဲ……။
အထုပ်အပိုးတွေနဲ့ 
ရာသက်ပန်
အဆုံးမရှိတဲ့လမ်း………။
ငါ့ကျောပေါ်မှာ
အတိတ်တွေလဲပါရဲ့ ……….
အချစ်တွေလဲပါရဲ့ ……….
အလွမ်းတွေလဲပါရဲ့ ……..
အသေမသပ်ထုပ်ပိုးထားတဲ့
သတိရခြင်းတွေလဲ ပါရဲ့ ……။
နောက်ဆုံးပန်းတိုင်မှာ
ငြိမ်းချမ်းမှုတွေ
အေးချမ်မှုတွေ
ပြည့်နေလိမ့်မယ်လို့ 
ဘယ်သူ အာမခံမလဲ…။
နေ့ တွေ ကပဲငါ့ကို စားနေသလား
ငါကပဲ နေ့ တွေကိုစားနေသလား….
တစ်ခုခုကတော့သွားနေမြဲပဲ……။
“.......” ဟုခေါ်သည်
ချစ်သူရှိသောမြို့ ကို
နှလုံးသားမြို့ တော်ဟုခေါ်၍
ချစ်သူမရှိသောအရပ်ကို
မနေအပ်သောအရပ်…..ဟုခေါ်သည်…။
ကျန်နေခဲ့သော အကြောင်းအရာနှင့်
ထားရှိခဲ့သောအဖြစ်တို့ ကို အတိတ်…..ဟုခေါ်သည်….။
ချစ်ခြင်းစီးမျောကြစဉ်
မေ့လျော့ထားကြသော..
အကြောင်းအရာကို
အလွမ်း…..ဟုခေါ်သည်….။
မနေအပ်သောအရပ်
အတိတ်ကိုမသိသောလူ
အလွမ်းကိုမေ့လျော့နေသူကို
ငတုံဟုသာခေါ်သည်…။
နှလုံးသားမြို့ တော်ဟုခေါ်၍
ချစ်သူမရှိသောအရပ်ကို
မနေအပ်သောအရပ်…..ဟုခေါ်သည်…။
ကျန်နေခဲ့သော အကြောင်းအရာနှင့်
ထားရှိခဲ့သောအဖြစ်တို့ ကို အတိတ်…..ဟုခေါ်သည်….။
ချစ်ခြင်းစီးမျောကြစဉ်
မေ့လျော့ထားကြသော..
အကြောင်းအရာကို
အလွမ်း…..ဟုခေါ်သည်….။
မနေအပ်သောအရပ်
အတိတ်ကိုမသိသောလူ
အလွမ်းကိုမေ့လျော့နေသူကို
ငတုံဟုသာခေါ်သည်…။
အဆိုပြုလွှာ
မိုးရွာသွန်းမှုနည်းတော့လည်း
စကားလုံးတွေတောင်ခေါင်းပါးကုန်ပြီ
ဟိုနှစ်ကထင်ပါရဲ့ 
တောင်ဝင်ရိုးစွန်းကမျက်ရည်တွေအရည်ပျော်လို့ 
နှလုံးသားကျွန်းလေးရေမြုပ်သွားသတဲ့….။
ရာသီတွေကဖောက်ပြန်
အချစ်တွေကမှုမမှန်တော့
ဦးထွန်းလွင်တောင် မျက်ရည်မိုးစိုနေရဲ့ …………။
ရင်ခုန်တာလောက်ကငလျှင်မဟုတ်ပါဘူးကွယ်
ရစ်တာစကေးနည်းပါးတဲ့တုန်သံတစ်ခုပါ..။
ပုံမှန်အသံထွက်နဲ့ ပဲ
ယုံချင်အောင်ပြောလိုက်ချင်ရဲ့ 
မင်းတစ်ယောက်တော့
ရင်ခုန်နိုင်စေ။
ရာသီတွေ ဖောက်ပြန်နေတယ်နော်
ဂေဟတွေ အခြေကျအောင်ထိန်းဖို့ 
နှလုံးသားစိမ်းလန်းရေးနေ့ 
အသင်းလေးထောင်ရအောင်
ငါ့ဘက်ကတော့
အဖွဲ့ ဝင်စုံပြီ
ငါရယ်……..ငါရယ်………..ငါရယ်……….
ကဲ………မိန်းကလေး………….
မင်းဘက်ကကော…………..။
စကားလုံးတွေတောင်ခေါင်းပါးကုန်ပြီ
ဟိုနှစ်ကထင်ပါရဲ့ 
တောင်ဝင်ရိုးစွန်းကမျက်ရည်တွေအရည်ပျော်လို့ 
နှလုံးသားကျွန်းလေးရေမြုပ်သွားသတဲ့….။
ရာသီတွေကဖောက်ပြန်
အချစ်တွေကမှုမမှန်တော့
ဦးထွန်းလွင်တောင် မျက်ရည်မိုးစိုနေရဲ့ …………။
ရင်ခုန်တာလောက်ကငလျှင်မဟုတ်ပါဘူးကွယ်
ရစ်တာစကေးနည်းပါးတဲ့တုန်သံတစ်ခုပါ..။
ပုံမှန်အသံထွက်နဲ့ ပဲ
ယုံချင်အောင်ပြောလိုက်ချင်ရဲ့ 
မင်းတစ်ယောက်တော့
ရင်ခုန်နိုင်စေ။
ရာသီတွေ ဖောက်ပြန်နေတယ်နော်
ဂေဟတွေ အခြေကျအောင်ထိန်းဖို့ 
နှလုံးသားစိမ်းလန်းရေးနေ့ 
အသင်းလေးထောင်ရအောင်
ငါ့ဘက်ကတော့
အဖွဲ့ ဝင်စုံပြီ
ငါရယ်……..ငါရယ်………..ငါရယ်……….
ကဲ………မိန်းကလေး………….
မင်းဘက်ကကော…………..။
Subscribe to:
Posts (Atom)
