ဝန်ထမ်းများအတွက် အခမဲ့ဝန်ဆောင်မှု ကုမ္ပဏီများအတွက် သက်သာသောနှုန်းထားများ ကုမ္ပဏီများအတွက် စုံလင်သော ဝန်ဆောင်မှုပုံစံများအား ဝန်ဆောင်မှုပေးလျက်ရှိပါသည်

08 January 2020

အထွေထွေပိုင်းနှင့် ဆိုင်ကယ်အပိုပစ္စည်းပိုင်းတွင်လုပ်ကိုင်ရန်

မန္တလေးမြို့ ၆၃လမ်း ငုရွှေဝါနှင့် စံပ္ပာယ်လမ်းကြားရှိ ဆိုင်ကယ်အပိုပစ္စည်းဖြန့်ချီရေးလုပ်ငန်းအတွက်

အထွေထွေ (ကျား) ၅ဦး လျှောက်ထားနိုင်ပါတယ်။

ကျောင်းကိစ္စကင်းရှင်းပြီး တက်ကြွစွာလုပ်ကိုင်နိုင်ရပါမယ်။
လူငယ် အသက် ၂၅အောက် အသင်းအဖွဲ့နဲ့လုပ်ကိုင်နိုင်ရပါမယ်။
ဆိုင်ကယ်အပိုပစ္စပိုင်း အတွေ့အကြုံ ဒါမှမဟုတ် ဆိုင်ကယ်အပိုစ္စည်းပိုင်းစိတ်ဝင်စားပြီးလုပ်ကိုင်ချင်သူဖြစ်ရပါမယ်။
အပိုပစ္စည်းများ ပါကင်ထုပ်ပိုးမှု့ပိုင်း ပစ္စည်းပို့အပိုင်းများလုပ်ကိုင်နိုင်ရပါမယ်။
ကျွမ်းကျင်မှု့ရှိလာပါက Saleပိုင်းကို ပြောင်းရွေ့လုပ်ကိုင်နိုင်ရပါမယ်။

အလုပ်ချိန် မနက် ၈:၃၀ ကနေ ညနေ ၅:၃၀ပါ
ပိတ်ရက်။   လပြည့် လကွယ်နှင့် အစိုးရရုံးပိတ်ရက်များပိတ်ပါမယ်။
လစာ။     ၁၂၀,၀၀၀ + ရက်မှန်ကြေး ၂၀,၀၀၀

အဆင်ပြေရင် အမြန်ဆုံးCVတင်ပြီး အလုပ်လျှောက်ထားနိုင်ပါတယ်။

အလုပ်လျှောက်ထားသူများအတွက် မည်သည့်ဝန်ဆောင်ခမှပေးရန်မလိုပါ။


အထက်ပါရာထူးများအား လျှောက်ထားလိုပါက  CVဖောင် နှင့် လိုင်စင်ပုံတစ်ပုံတို့အား လူကိုယ်တိုင်ဖြစ်စေ
Viber (or) Email မှဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပါသည်။

Phone- 09-954 501 320 (Viber), 09-694501320
Email- kmtemploymentagency@gmail.com
အမှတ်(C-2)၊ တတိယထပ်၊ ရတနာတိုင်းပြည်အိမ်ယာ၊
လမ်း၆၀၊ ၃၈လမ်းနှင့် ၃၉လမ်းကြား၊ ပြည်ကြီးမျက်ရှင်ကားကြီးဝင်းတောင်ဘက်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Job Error 404 Workshop


2019ကအလုပ်ရှာတဲ့နေရာမှာဖြစ်ခဲ့အမှားတွေကိုပြင်ဆင်ပြီး 2020 မှာကောင်းမွန်တဲ့အလုပ်အကိုင်တွေကိုရှာဖွေနိုင်ဖို့
ကျွန်တော်တို့ကောင်းမြတ်သူအေဂျင်စီကနေ အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေနဲ့ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲ ပြသနာတွေဖြစ်တဲ့

အလုပ်တွေလျှောက်ပြီး အလုပ်မရသေးတဲ့အကြောင်းအရင်း
-CVဖောင်တွေပဲတင်နေရပြီး အင်တာဗျူးဖို့ပြန်ဆက်သွယ်မလာတာဖြစ်နေတဲ့သူတွေ

-အင်တာဗျူးတွေပဲဝင်နေရပြီး အလုပ်မရဖြစ်နေတဲ့သူတွေ

-အကြောင်းအမျိုးမျိုးကြောင့်လက်ရှိအလုပ်ကနေထွက်ချင်ပေမယ့်မထွက်နိုင်ပဲတွယ်ကပ်နေရတဲ့သူတွေ

-CVဖောင်ရေးတာနဲ့ပတ်သက်ပြီး အချိုးမပြေဖြစ်နေတာအတွေအတွက်
လာမယ့် January (12)ရက်နေ့ကျွန်တော်တို့ ကောင်းမြတ်သူအေဂျင်စီမှာ '‘Job Error 404'’ ခေါင်းစဉ်နဲ့ Workshopတစ်ခုပြုလုပ်ပေးဖို့စီစဉ်ပေးထားပါတယ်။

ဒီEventကိုတက်ရောက်ပြီး 2019ကအမှားတွေကိုပြင်ဆင်ပြီး 2020မှာ ကိုယ့်အတွက်ကောင်းမွန်တဲ့အလုပ်အကိုင်တွေရနိုင်ဖို့မျှော်လင့်ပါတယ်။

ဒီပွဲကိုတက်ရောက်ဖို့အတွက် Online ကနေအခမဲ့စာရင်းပေးသွင်းနိုင်သလိုဖုန်းနဲ့လဲစာရင်းပေးသွင်းနိုင်ပါတယ်။

Postအောက်ဆုံးမှာလိပ်စာနဲ့ဖုန်းနံပါတ်ထည့်ပေးထားပါမယ်။

ပွဲတက်ရောက်သူတွေအတွက်လဲအထူးအစီအစဉ်တစ်ခုထည့်ပေးထားပါသေးတယ် ဒီပို့စ်ရဲ့အောက်ဆုံးမှာထည့်ပေးထားပါတယ်။

ဒီပွဲရဲ့ ရည်ရွယ်ချက်က
~~~~~~~~~~~~~~~
လက်ရှိအလုပ်ရှာနေပြီး စောနကကျွန်တော်ပြောခဲ့တဲ့ပြသနာကြုံနေရသူတွေ
လက်ရှိအလုပ်ရှိနေပြီး ထွက်ချင်ပေမယ့်အကြောင်းအမျိုးကြောင့်တွယ်ကပ်နေရတဲ့သူတွေ ပြီးတော့
ပွဲတက်ရောက်သူတွေအချင်းချင်းလဲ
ဆွေးနွေးနိုင်ပြီး အလုပ်အကိုင်တွေရှာဖွေရာမှာအခက်အခဲနည်းပြီး အခွင့်အလမ်းတွေများလာဖို့အတွက်ပါ။

ဦးဆောင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့
Royal Wayရဲ့ Founderဖြစ်တဲ့ ဦးအောင်ခန့် နှင့် လက်ရှိHR Manager ရာထူးကိုတာဝန်ယူထားတဲ့ ဦကျော်စိုးဝင်းတို့ကနေဦးဆောင်ဆွေးနွေးပေးသွားမှာပါ။

ဒီပွဲကိုတက်ရောက်လာသူတွေထဲကနေလဲ ဆွေးနွေးချင်တာရှိရင်ဆွေးနွေးလို့ရအောင်လဲစီစဉ်ပေးထားပါတယ်။
ဆိုတော့

ကျွန်တော်တို့ 12th , January 2020 မှာဆုံးနိုင်ဖို့အတွက်အခုပဲအခမဲ့စာရင်းပေးသွင်းလိုက်ရအောင်။
(လူဦးရေ (၄၀) အထိသာမို့ တကယ်လာနိုင်မယ့်သူတွေကို ကိုယ့်အတွက်နဲ့သူတို့ရဲ့အခွင့်အလမ်းကိုမထိခိုက်စေဖို့ကူညီပါခင်ဗျ)

ပွဲချိန်နှင့် နေ့ရက်

12.1.2020 Sunday 09:00AM to 11:00AM

ပွဲနေရာ
နံပါတ် C2, ရတနာတိုင်းပြည်အိမ်ယာ၊
မ်း၆၀၊ ၃၈လမ်းနှင့် ၃၉လမ်းကြား၊ မန္တလေးမြို့။
ဖုန်း- 09954501320(Viber), 09694501320
Mail-kmtemploymentagency@gmail.com

မေ့တော့မလို့
ပွဲလာတဲ့သူတွေအတွက်အထူးအစီအစဉ်ရှိတယ်လို့ပြောခဲ့တာမှတ်မိတယ်မလား
ကျွန်တော်တို့ကောင်းမြတ်သူအေဂျင်စီကနေ အလုပ်ခေါ်စာတွေကိုချပြပေးပြီး ကိုယ်ကြိုက်ရာကုမ္ပဏီရဲ့အလုပ်အကိုင်ကိုလျှောက်နိုင်ဖို့စီစဉ်ပေးထားတယ်ဆိုတာပါခင်ဗျ။

ကျွန်တော်တို့ 12ရက်နေ့မှတွေ့ကြမယ်။


#Job_Error_404
#KaungMyatThuAgency_MDY

No comments:

Post a Comment