ဝန်ထမ်းများအတွက် အခမဲ့ဝန်ဆောင်မှု ကုမ္ပဏီများအတွက် သက်သာသောနှုန်းထားများ ကုမ္ပဏီများအတွက် စုံလင်သော ဝန်ဆောင်မှုပုံစံများအား ဝန်ဆောင်မှုပေးလျက်ရှိပါသည်

13 January 2013

ရင်ဆိုး



သတ်မှတ်ထားတဲ့
အချိန်တစ်ခုအတွက်
နာရီသံဟာ……
ခြောက်ချားစရာ အသံတစ်ခု
ဖြစ်ကောင်းဖြစ်နိုင်တယ်..။

အသံရယ်လို့မကျယ်ပေမယ့်
ပြက္ခဒိန်လှန်သံတွေက
ငါ့နားမှာတော့ခါးလွန်းလှတယ်။

ပန်းရောင်မီးခိုးတွေဖုံးနေတော့
အစိမ်းရောင်ကွင်းပြင်ကို
ပုံရိပ်ရှိတယ်တောင်မထင်ခဲ့ဘူး…။

ကမ်းပေါ်ကိုတက်တော့မှ
ငါဖြတ်ခဲ့တဲ့မြစ်က
ပုံဆောင်မှုတွေမရှိပါပဲ
အသွင်ပြောင်းသွားပါရော့လား။

No comments:

Post a Comment